Mini-grid Developer Coordination Meeting ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ Mini-grid Developer Coordination Meeting ကို (၉-၁၁-၂၀၁၇)ရက်နေ့၊ နံနက်(၀၉း၀၀) အချိန်တွင် ရုံးအမှတ်(၃၆) ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အသေးစားဓာတ်အားလိုင်းစနစ် လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အသုံးပြုသူ ပြည်သူများ ပူးပေါင်း၍ ပိုမိုတိုးတက်ကောင်းမွန်၍ ရေရှည်တည်တံ့ခိုင်မြဲသော အသေးစားဓာတ်အားလိုင်းစနစ် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်းသတင်းရရှိသည်။