(MY P-I) စီမံကိန်းအောက်မှ မြို့ရေပေးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

‌စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်သူ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် JICA တို့ပူးပေါင်၍ ဂျပန်ချေးငွေ(ODA Loan)ဖြင့် ဆောင်ရွက်လျှက်ရှိသည့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ဒေသတွင်းဖွုံဖိုးရေးစီမံကိန်းအဆင့်(၁) (MY P-I) စီမံကိန်းအောက်မှ မြို့ရေပေးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကို (၄-၁၂-၂၀၁၇)ရက်နေ့၊ နံနက်(၀း၉၃၀) အချိန် နေပြည်တော်၊ ရုံးအမှတ်(၁၄)၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးလှခိုင်နှင့် JICA Myanmar Office မှ တာဝန်ရှိသူတို့မှ စီမံကိန်း၏ လုပ်ငန်းတိုးတက်မှုများနှင့် ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ အစည်းအဝေးတက်ရောက်လာသူများမှ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်းသတင်းရရှိသည်။