အရာထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၇)သင်တန်းဆင်းပွဲကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန အရာထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၇)သင်တန်းဆင်းပွဲ အခမ်းအနားကို
ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် ရုံးအမှတ်(၁၄)၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် မှ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦး နှင့်သင်တန်းသူတစ်ဦးတို့အား သင်တန်းဆင်းလက်မှတ် များ ပေးအပ်ခဲ့ပြီး မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဌေး မှသင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။