Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တာပေါင်ကုန်-‌ကော့ပေါကျေးရွာချင်းဆက်လမ်းနှင့် Box Culvert ဆောင်ရွက်နေမှု စစ်ဆေး

01 January 70

လှိုင်းဘွဲ      ဇူလိုင်        ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာပေါင်ကုန်-‌ကော့ပေါကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်း နှင့် ဝန်ထမ်းများသည် ကျေးရွာတာဝန်ရှိသူများနှင့်အတူ တာပေါင်ကုန်-‌ကော့ပေါကျေးရွာချင်းဆက်လမ်းအရှည် ၂ ဖာလုံ အကျယ် ၁၂ ပေ အမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းနှင့် အဆိုပါလမ်းပေါ်၌ အလျား ၂၄ ပေ အနံ ၅ ပေ  အမြင့် ၅ ပေ ရှိသော Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်‌နေမှုအ‌ခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မေဘရဏီထူးကုမ္ပဏီမှ တာဝန်ရှိသူအား လုပ်ငန်းများအားလုံး သတ်မှတ်စံနှုန်းများအတိုင်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၄၆ ဒသမ ၁၅၈ သန်းဖြင့် တာပေါင်ကုန်-‌ကော့ပေါကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို မေဘရဏီထူးကုမ္ပဏီက တာဝန်ယူ၍ မေလ ၂၅ ရက်နေ့က စတင်ဆောင် ရွက်ခဲ့ရာ ယနေ့တွင် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၁၆၈ အိမ်၊ လူ ၁၁၇၂ ဦးအပြင် အဆိုပါကျေးရွာချင်းဆက်လမ်းအား အသုံးပြုနေသော ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။