Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် ညောင်ပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒဿမအကြိမ် ထုတ်ချေးပေး

01 January 70

စလင်းမြို့နယ် ညောင်ပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒဿမအကြိမ် ထုတ်ချေးပေး
=================================================================
စလင်း                     ဩဂုတ်                   ၁၀
 
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူများက ညောင်ပင်ကျေးရွာအုပ်စု၊ညောင်ပင် ကျေးရွာ၌မြစိမ်း‌ရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒဿမ အကြိမ်ထုတ်ချေး ပေးခြင်းအခမ်းအနားကိုဩဂုတ် (၉)ရက်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ကြူက တက်ရောက်လာသော ရပ်မိရပ်ဖများ၊မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များ၊ စီမံကိန်းချေးငွေရယူသူ အသင်းသားများ ရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
 
ထို့နောက် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်စီမံကိန်းတာဝန်ခံ ဒေါ်ဆွေဇင်လှိုင်(ဒုတိယဦးစီးမှူး) မှတက်ရောက်လာသူများအား စီမံကိန်းလည်ပတ်ဆောင်ရွက်ပုံအဆင့်ဆင့်၊အတိုးနှုန်းနှင့် အရင်းဆပ် ကာလသတ်မှတ်ချက်များ၊ငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊အတိုးငွေပေးသွင်းချိန်တွင်သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားပြီး တိုးပွားလာသော အတိုးငွေများမှ မိမိ‌တို့ ကျေးရွာအတွက် လိုအပ်သောဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်၍ရကြောင်း ထပ်မံရှင်းလင်းပြောကြားပြီးနောက် ဒဿမအကြိမ်တွင်ထုတ်ချေးမည့် ငွေကျပ် ၅၇ သန်းအား ကျေးရွာမြစိမ်းရောင်လုပ်ငန်း အဖွဲ့ထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။
 
ဆက်လက်၍ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့သည် မြို့နယ်မှတာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့်အတူ ဒဿ အကြိမ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အ‌ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်ကြသောအသင်းသား(၁၃၀)စုအတွက် ငွေကျပ် ၅၇ သန်းအားတောင်သူလယ်သမားများထံလက်ဝယ်ရောက်ရှိအောင် ထုတ်‌ 
ချေးပေးခဲ့ကြောင်းစလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ကြူထံမှ သိရသည်။