Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပန်းတနော်မြို့နယ်၊စံကျောင်းကျေးရွာ(ခေတ်မီစံပြကျေးရွာ)၌ (ပထမ)အကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ချေးငွေထုတ်ချေးဆောင်ရွက်ခြင်း

01 January 70

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ပန်းတနော်မြို့နယ် ၂၀၂၃-၂၀၂၄ခု ၊ ဘဏ္ဍာရေးနှစ် ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကဇင်းငူကျေးရွာအုပ်စု ၊ စံကျောင်း (ခေတ်မီစံပြကျေးရွာ) ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပထမအကြိမ်ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနား

ပန်းတနော် ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင်    မြစိမ်းရောင်ကျေးရွာစီမံကိန်း    အကောင်အထည်ဖော် ဆောင်ရွက်မည့် ကဇင်းငူကျေးရွာအုပ်စု ၊ စံကျောင်းကျေးရွာ (ခေတ်မီစံပြကျေးရွာ) ၌ မြစိမ်းရောင် စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ   ပထမအကြိမ်ထုတ်ချေးပေးအပ်ခြင်း အခမ်းအနားကို (၂၅.၀၇.၂၀၂၃) ရက်နေ့ နေ့လည်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ပန်းတနော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုး နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏  ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို   ကုစားပေးနိုင်ရန် နှင့်   လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးလာစေရန် ၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တစ်ကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် စုပေါင်းလုပ်ဆောင်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍    မြစိမ်းရောင်ကျေးရွာစီမံကိန်း   အရင်းမပျောက်     လည်ပတ်ရန်ပုံငွေ    ထုတ်ချေးပေးခြင်းဖြစ်ကြောင်း    စီမံကိန်းရန်ပုံငွေအား ဆုံးရှုံးမှု မရှိစေရေး အလေးထား ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။

ထို့နောက်မြစိမ်းရောင်ကျေးရွာစီမံကိန်း    ပထမအကြိမ်အဖြစ်  ပန်းတနော်မြို့နယ် စံကျောင်း ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၁) ဦး ငွေကျပ်(၂၁၉.၀၀)သိန်း ၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ  (၁၅)ဦး ငွေကျပ်(၅၈.၀၀)သိန်း ၊ အရောင်းအဝယ်လုပ်ငန်း  လုပ်ကိုင်သူ (၄) ဦး ငွေကျပ် (၂၃.၀၀)သိန်း ၊  စုစုပေါင်း အသင်းသား(၇၀)  ဦး အတွက်  အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း   (၃၀၀)  ကို   ကျေးရွာစီမံကိန်းရန်ပုံငွေ   လုပ်ငန်းအဖွဲ့များက   ထုတ်ချေးပေးခဲ့ကြောင်းသိရှိရပါသည်။