Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အောင်လံမြို့နယ် စမ်းကလေး(ရေတွင်းစု) ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

01 January 70

အောင်လံမြို့နယ် စမ်းကလေး(ရေတွင်းစု) ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
=========================================================================
အောင်လံ    အောက်တိုဘာ       ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အောင်လံမြို့နယ်၊ စမ်းကလေး(ရေတွင်းစု)ကျေးရွာ၌ မြစိမ်းရောင်‌စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး နှင့် အောင်လံမြို့နယ်မှ စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ စမ်းကလေး(ရေတွင်းစု)ကျေးရွာ၌ မြစိမ်းရောင်​ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင်မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လစဉ်ပုံမှန်ဖြည့်သွင်းရမည့် စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေးထားရှိမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုး တက်ရေးဦးစီးဌာနက စမ်းကလေး(ရေတွင်းစု) ကျေးရွာ၌ မြစိမ်းရောင်ရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅- ၂၀၁၆ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းရန်ပုံငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အိမ်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် စီမံကိန်းအသင်းဝင် ၂၀၇ ဦးကို ငွေကျပ် ၄၇ ဒသမ ၇ သန်းအား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကြောင်း အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။