Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရမ်းမြို့နယ်တွင် ကျေးလက်ရုံးတွင် စားသောက်ကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

01 January 70

          ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် ၂၄ ရက် နံနက် ၁၀ နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စားသောက်ကုန်(ဖျော်ရည်မျိုးစုံနှင့် ယိုမျိုးစုံ)ထုတ် လုပ်နည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

          အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ထားထားနိုင်က သင်တန်းဖွင့်လှစ်ရခြင်းဆိုင်ရာ အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်ခင်ငြိမ်းချမ်းက သင်တန်းပို့ချပေးမည့် စားသောက် ကုန်ပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းသူ ၂၀ ဦး ကိုခုနစ်ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။