Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လှည်းကူးမြို့နယ်၊ တောင်တလုတ်ရေကျော်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာပြုလုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

01 January 70

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေး အသေးစားစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် မြောက်ပိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာပြုလုပ်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ(၈)ရက် နံနက်ပိုင်းက တောင်တလုတ်ရေကျော်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြောက်ပိုင်းခရိုင်​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်း မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များအပေါ် လက်တွေ့ အသုံးချ၍ တစ်ပိုင် တစ်နိုင်အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြရန် ရှင်းလင်းပြောကြားခဲ့ကာ၊ မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးရဲဇော်ထွန်းမှ တစ်ပိုင် တစ်နိုင်အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး လိုသည်အပ်များ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာရည်များ ပြုလုပ်နည်းအဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့များဖြင့် ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ သင်ကြာပေးခဲ့ပြီး တောင်တလုတ်ရေကျော်ကျေးရွာ နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ သင်တန်းသား/သူ(၁၅)ဦး တက်ရောက်၍ သင်တန်းကာလမှာ ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ (၅) ရက်ဖြစ်ပါသည်။