Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒလမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

01 January 70

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်းဆောင်ရွက်နေမှုများကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။    

          ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ဝါဝါထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒလမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသော တံတားချောင်း ကျေးရွာအုပ်စု၊တံတားချောင်းကျေးရွာ၊ရွာတွင်းလမ်းနှစ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။