Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိုလာအသေးစားဓာတ်အားပေးစနစ် စီမံကိန်းများအတွက် စီမံကိန်းထောက်ပံ့ငွေ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ

01 January 70

ဆိုလာအသေးစားဓာတ်အားပေးစနစ် စီမံကိန်းများအတွက် စီမံကိန်းထောက်ပံ့ငွေ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ

▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဖေဖော်ဝါရီ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လူတော်ကြီးကျေးရွာနှင့် ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာ တို့တွင် ဆိုလာအသေးစားဓာတ်အားပေးစနစ် (Mini-Grid) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်-(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် ကုမ္ပဏီများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များက စီမံကိန်းသဘောတူစာချုပ်ကို သုံးဦးသုံးဖလှယ် အပြန်အလှန် လက်မှတ်ရေးထိုးကြပါသည်။

ဆိုလာအသေးစား ဓါတ်အားပေးစနစ်လုပ်ငန်းများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ် (Mini-Grid) စီမံကိန်းကို ZLT Super Electrical Co.,Ltd ကုမ္ပဏီမှလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လူတော် ကျေးရွာရှိ ဆိုလာအသေးစားဓာတ်အားပေးစနစ်(Mini-Grid) စီမံကိန်းကို  ကုမ္ပဏီမှလည်းကော Macro Dragon International Co.,Ltd ကုမ္ပဏီတို့မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။