Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ(၁၈)ရွာ၌ ရေရရှိရေးလုပ်ငန်း (၁၈)ခု ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

01 January 70

မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ(၁၈)ရွာ၌ ရေရရှိရေးလုပ်ငန်း (၁၈)ခု ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

မြင်းခြံ   မတ်လ   ၂၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောက်ရှိ မြို့နယ်များအတွင်း၌ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများအသုံးပြု၍ ကျေးရွာ(၁၈)ရွာ၌ ရေရရှိရေးလုပ်ငန်း(၁၈)ခု အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြင်းခြံခရိုင်အတွင်းရှိ တောင်သာမြို့နယ်၌ ရွှေပြည်သစ်(မြိုင်သာယာတောတိုက်အနောက်ပိုင်း)၊ အုတ်ရှစ်ပင်(ရွှေကျင်တော တိုက်)၊ ရထားကုန်းကျေးရွာသုံးရွာတို့၌ လည်းကောင်း၊ နွားထိုးကြီးမြို့နယ်၌ အောင်းပန်းကုန်း၊ ညောင်ပင်သာ၊ ကျောင်းကန်ကြီးပင်ကျေးရွာသုံးရွာ၌လည်းကောင်း၊ မြင်းခြံမြို့နယ်၌ ကျောက်ရံ၊ ‌ညောင်ပင်၊ သညက္ကံကျေးရွာသုံးရွာ၌ လည်းကောင်း စုစုပေါင်းကျေးရွာ(၉)ရွာ၌ ကျေးလက်ဒေသ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်း(၉)ခုကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၁၉ ဒသမ ၅၉၉ ကျပ်သန်းဖြင့် လည်းကောင်း၊ တောင်သာမြို့နယ်၌ အောင်သာ၊ နံ့သာမြိုင်(တောတိုက်)၊ ချောင်းဝင်၊ ဆီဆုံကုန်း၊ မြောင်းဆုံကျေးရွာငါးရွာတို့၌ လည်းကောင်း၊ နွားထိုးကြီးမြို့နယ်၌ စည်ပင်ကျေးရွာတွလည်းကောင်း၊ မြင်းခြံမြို့နယ်၌ လေးရွာဆုံ၊ ဗလုံ၊ ဖုံကျေးရွာသုံးရွာ၌ လည်းကောင်း စုစုပေါင်းကျေးရွာ(၉)ရွာ ၌ ကျေးလက်ဒေသ ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်း(၉)ခုကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၉၆ ဒသမ ၈၇၇ကျပ်သန်းဖြင့် လည်းကောင်း ၂၀၂၂ခုနှစ်ဇူလိုင်လ ပထမပတ်ကစတင်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများတာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြင်းခြံခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မာကပြောသည်။

မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ(၁၈)ရွာ၌ ရေရရှိရေးနှင့်ဆက်စပ်လုပ်ငန်း(၁၈)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် အဆိုပါ ကျေးရွာများရှိ အိမ်ခြေ  ၃၃၃၆ အိမ်၊ လူဦးရေ ၁၅၀၉၉ ဦးနှင့် ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်များအတွက် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အကျိုးပြု လျက်ရှိကြောင်းသိရသည်။

စိုးမိုးကျော်