Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေး

01 January 70

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးများ ရရှိစေရန် စမ်းရွာကျေးရွာအုပ်စု၊ စမ်းရွာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးခြင်းကို မတ်လ (၈)ရက်က ထုတ်ချေးပေးကြောင်းသိရသည်။

 ရှေးဦးစွာ တိုက်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီးမှူးက စမ်းရွာကျေးရွာရှိ ရပ်မိရပ်ဖများ မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသား၊ အသင်းသူများ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်းအကြောင်းအရာများ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက် များ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားကာ မြို့နယ်ဦးစီးမှူးက စမ်းရွာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီထံ ငွေကျပ်သိန်း(၃၅၀)ကို လွှဲပြောင်းပေးအပ် သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက စမ်းရွာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၅)ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၁၄)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၁၀၉)ဦး၊ စုစုပေါင်း အသင်းသား၊အသင်းသူ(၁၈၈)ဦးတို့ကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ငွေကျပ်သိန်း(၃၅၀)အား တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။