Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

24 April 24

မ‌ကွေး       ဧပြီ        ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မ‌ကွေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မကွေးမြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊‌ ခေတ်မီစံပြကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ ဆိုလာရေတင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ သုံးသပ်ဆွေးနွေးရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းလည်ပတ်မှုအခြေအနေများ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြပြီး မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များ၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာ သုံးဆယ် ရွာ၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကျေးရွာ ၆ ရွာ၊ ခေတ်မီစံပြကျေးရွာစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းကျေးရွာ တစ်ရွာ၊ အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ခဲ့သော ကျေးရွာ ၂ ရွာ၊ ဆိုလာရေတင်စနစ်တည်ဆောက်ခဲ့သောကျေးရွာ ၃ ရွာတို့မှ ကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။