Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တိုက်ကြီးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

01 January 70

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးခရိုင်၊တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုက်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေ ကအခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ထို့နောက်သင်တန်းနည်းပြဆရာမက သင်တန်းတွင်သင်ကြားမည့် အခြေခံစက်ချုပ်ခြင်းဆိုင်ရာ ဘာသာရပ် များကို ဆွေးနွေးပြောကြားပြီး ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် တာဝန်ရှိသူများက သင်တန်းသူများကို အသက် မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါသင်တန်းသို့ တိုက်ကြီးမြို့နယ် ရင်းတိုက်ကွင်းကျေးရွာ၊ ဒိုက်ကံကျေးရွာ၊ ကြိုက်မန်းထော်ကျေးရွာ တို့မှ သင်တန်းသူဦးရေ(၂၀) တက်ရောက်ကြပြီး သင်တန်းတွင် သင်တန်းနည်းပြဆရာမများက အခြေခံစက်ချုပ် နည်းသင်ခန်းစာများကို စာတွေ့၊ လက်တွေ့ဖြင့် ယနေ့မှ ဩဂုတ်လ(၄)ရက်ထိ ရက်(၃၀)ကြာ အခမဲ့သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။