Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း စတုတ္ထအကြိမ် ရန်ပုံငွေထုတ်ချေးခြင်း

10 July 14

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအပြင်  မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် သောကြာဒူးကျေးရွာအုပ်စု၊သောကြာဒူးကျေးရွာတွင် စတုတ္ထအကြိမ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းကို ဇူလိုင်လ (၀၄)ရက်နေ့တွင် သောကြာဒူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးယဉ်မင်းဦး(လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ)မှ စီမံကိန်းရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်သဖြင့် ဆင်းရဲမှုလျှော့ချလာနိုင်မည်ဖြစ်ကြောင်း နှင့် ကျေးရွာကော်မတီနှင့်အသင်းသား/သူများအား စီမံကိန်းရေရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်နိုင်ရေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး  မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များနှင့် အတူ စီမံကိန်းရန်ပုံငွေများကို အသင်းသား/သူများ တစ်ဦးချင်းစနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရှိရပါသည်။