Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့မှူးမြို့နယ် ‌ရေတာရှည်ကျေးရွာ ၌ VRFP စီမံကိန်း ရန်ပုံငွေပဉ္စမအကြိမ်ထုတ်ချေး

01 January 70

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်  ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန         ကလုပ်ကွက်ငယ်တောင်သူများ၊   စိုက်ပျိုးမွေးမြူးရေးနှင့်   အသေးစား စီးပွားရေးလုပ်ငန်း  လုပ်ကိုင်သူများ ငွေကြေးအရင်းအနှီး ရရှိစေရန်   ရည်ရွယ်၍ ရေတာရှည်ကျေးရွာ   ကျေးရွာမတည်ရန်ပုံစီမံကိန်း (VRFP)ရန်    ပုံငွေ ပဉ္စမအကြိမ်     ထုတ်ချေးခြင်းကို    ယနေ့နံနက်ပိုင်းက    အဆိုပါကျေးရွာ   ဓမ္မရုံ၌    ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

        ရှေ့ဦးစွာ    ကော့မှူးမြို့နယ်         ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး    ဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးတင်ကိုလတ်       ကကျေးရွာမတည်ရန်ပုံငွေ    စီမံကိန်း (VRFP)  ၏ ရည်ရွယ်ချက်များ ၊ စီမံကိန်းဆောင်

ရွက်ခြင်းကြောင့်  ရရှိလာမည်   အကျိုးကျေးဇူးများကို  ရှင်းလင်းပြောကြားပြီး     မြို့နယ်စီမံကိန်းတာဝန်ခံ  က စီမံကိန်းရန်ပုံငွေ  ထုတ်ချေးရာတွင်  လိုက်နာရမည့် စည်းကမ်းချက်များနှင့်    အတိုးနှုန်း သတ်မှတ်ချက်    များကိုရှင်းလင်း  ပြောကြားခဲ့ပါသည်။

        ထိုနောက်  ကော့မှူးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုး    တိုးတက်ရေး  ဦးစီးဌာန စီမံကိန်း    တာဝန်ခံ

ဝန်ထမ်း များ၏     ကြီးကြပ်မှုဖြင့်         ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း  ကော်မတီဝင်များက  ရေတာရှည်‌   ကျေးရွာရှိ  စိုက်ပျိူးရေးလုပ်ငန်း    လုပ်ကိုင်သူ၁၀၆ ဦး၊  မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်သူ   ၉  ဦး၊ အရောင်း အဝယ်  လုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦး ၊    စုစုပေါင်း အသင်းသား၊   အသင်းသူ ၁၂၆ဦးကို ငွေကျပ်၃၅သန်း  ကို ထုတ်ချေးပေးခဲ့  ကြောင်း သိရသည်။

        ရေတာရှည်ကျေးရွာတွင်  ကျေးရွာမတည်ရန်ပုံငွေ        စီမံကိန်း (VRFP)  ရန်ပုံငွေများဖြင့်ကျေးရွာသူ ကျေးရွာသားများ  တစ်နိုင်တစ်ပိုင်   အသေးစားစီးပွားရေး   လုပ်ငန်းများ  ဆောင်ရွက်လျက်ရှိရာကျေးလက် နေပြည်သူများ၏   မိသားစုဝင်ငွေများ   တိုးပွားလာကြောင်း သိရသည်။