Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပတ္တာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု စစ်ဆေး

10 October 24

ကျိုတ်လတ် အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျားကိုက်အုပ်စု၊ ပတ္တာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်နှင့် အင်ဂျင်နီဝန်ထမ်းများမှ ကျေးရွာလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိမိတို့နေ့စဉ် အသုံးပြုသွားလာရမည့်လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံ့အောင်၊ ပျက်စီးမှုမရှိအောင် အားလုံးဝိုင်းဝန်းထိန်းသိမ်းသွားကြရမှာဖြစ်ကြာင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ပတ္တာကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည် ၇၅၀ပေ၊ အကျယ် ၄ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများအနက်မှ ငွေကျပ် ၈ဒသမ၂၃သန်းနှင့် ကျေးရွာနေ   ပြည်သူများ၏လုပ်အားထည့်ဝင်မှုတို့ဖြင့် အောက်တိုဘာလ  ပထမအပတ်မှ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

အဆိုပါ ကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာအိမ်ခြေ ၈၉အိမ်၊ လူဦးရေ ၃၇၀ဦးအတွက် ရာသီမရွေးသွားလာနိုင်ခြင်း၊ ကျေးရွာတွင်းသန့်ရှင်းသာယာလှပမှုရှိပြီး ကျေးရွာနေပြည်သူတို့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ယခင်ကထက်ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရသည်။