Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျိုက်လတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအားစစ်ဆေး

11 October 24

ကျိုက်လတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအားစစ်ဆေး

ကျိုက်လတ် အောက်တိုဘာလ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖောင်ရုံးဆိပ်ကျေးရွာအုပ်စု၊ လက်ခုပ်ပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်း ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို  ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်နှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းတာဝန်ခံများနှင့်အတူ လက်ခုတ်ပင်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးစားပေးကြသလို အဆိုပါလုပ်ငန်း မပျက်မစီးအောင်၊ ရေရှည်ကောင်းမွန်အောင်လည်း ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

လက်ခုပ်ပင်ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေေကျပ် ၁၅၀ သိန်း ရင်းနှီးမြှုပ်နှံပြီး၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၃၀စုစုပေါင်း ကျပ်သိန်း ၁၈၀ဖြင့် မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၊ အင်ဂျင်နီယာဝန်ထမ်းများ၏ ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ဇူလိုင်လ စတုတ္ထအပတ်မှ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးဖြစ်ရာ လက်ခုပ်ပင်ကျေးရွာရှိ ကျေးလက်နေပြည်သူ တို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုစနစ်များ၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓါတ်များစသည့်တို့မှာ ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။