Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးတိုင်းဒေသကြီးတွင် QGIS မြေပုံရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ

13 October 24

မကွေးတိုင်းဒေသကြီးတွင် QGIS မြေပုံရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ
=================================================
မကွေး အောက်တိုဘာ ၁၃
==================
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် QGIS မြေပုံရေးဆွဲနည်း သင်တန်းဆင်းပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
 
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး ကသင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်သူသင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချလိုက်တဲ့ QGIS Software နည်းပညာဖြင့် မြေပုံရေးဆွဲနည်းပညာရပ်များကို စဥ်ဆက်မပြတ်ဆက်လက်လေ့လာသင်ယူပြီး မိမိတို့တာဝန်ကျရာဒေသအသီးသီးမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့အခါ အကျိုးရှိရှိလက်တွေ့အသုံးချစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်ယခုသင်တန်းမှ ပို့ချပေးလိုက်သည့်ပညာရပ်များကိုအသုံးပြု၍ မိမိတို့ဘဝ မိမိတို့ဌာနစွမ်းဆောင်ရည်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
 
ဆက်လက်၍  မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး နှင့်တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။
 
အဆိုပါ သင်တန်းတွင် QGIS Software ဖြင့် Data layer to QGIS Project၊ Attribute table usage and layer connection၊ Export Map အစရှိသည့်သင်ခန်းစာဘာသာများအားစာတွေ့လက်တွေ့ဖြင့် ကျွမ်းကျင်သင်တန်းနည်းပြများက ယခုလ ၇ရက် မှ ၁၃ရက်နေ့အထိ ခုနှစ်ရက်ကြာ သင်တန်းသား၊ သင်တန်းသူဝန်ထမ်း(၂၀)ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး ကပြောပြ၍ သိရသည်။