တွံတေးခရိုင် တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ ခုနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၁၁) ရွာအတွက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၆၅၀ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန့်နေ့က အဆိုပါ မြို့နယ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက စီမံကိန်းရန်ပုံငွေလြွှပြောင်းပေးအပ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းအကြောင်အရာများ စီမံကိန်းဝင်ကျေးရွာများမှ ရှေ့ဆက်ဆောင်ရွက်ရမည် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောာကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျောက်စရစ်ကုန်းကျေးရွာ၊ တူးချောင်းလေးကျေးရွာ၊ အစုလေးကျေးရွာ၊ ပဒံရေကျော်ကျေးရွာ၊ ကျောက်ပုန်းကျေးရွာ၊ ကွင်းပေါက်ကျေးရွာ၊ မြက်နီကုန်းကျေးရွာ၊ ကလီထော်ကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ရွာတန်းရှည်ကျေးရွာနှင် ခတ္တိယရွာသစ်ကျေးရွာ စုစုပေါင်း (၁၁) ရွာမှ ကော်မတီဝင်များထံသို့ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း(၁၅၀) စီ လွှဲပြောင်းပေးအပ်ကြောင်းသိရသည်။