ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ထန်းတပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၂ဒသမ၅သန်း ကို အသင်းဝင် ၁၁၆ ဦးအား ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၂၄ ရက်က အဆိုပါကျေးရွာဘက်စုံသုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။