Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ်၊ အင်းတိုင်စုကျေးရွာ၊ ကုန်ထုတ်လမ်းလုပ်ငန်းသို့ကွင်းဆင်းခြင်း

25 October 24

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင်    အင်းတိုင်စုကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကုန်ထုတ်လမ်းအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးထက်ဝေဖြိုး၊ အငယ်တန်းအင်ဂျင်နီယာ-၃ ကသက်ဆိုင်ရာကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ် မြောက်ရေးကော်မတီဝင်များနှင့်အတူ အင်းတိုင်စုကျေးရွာ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ကုန်ထုတ်လမ်းအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး တာဝန်ခံဝန်ထမ်း က သတ်မှတ် ကာလအတွင်းလုပ်ငန်းများ အားလုံးစံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ရေး သတ်မှတ်အတိုင်း အတာများပြည်မီရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

          ဝေါမြို့နယ် အင်းတိုင်စုကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း (၁၆၀)ဖြင့်  (၂/၀ မိုင်x ၁၂'-၀"x၀' ၉") ရှိ ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး (၃၆%)  ပြီးစီးပြီ ဖြစ်ပါကြောင်း တာဝန်ခံဝန်ထမ်း က ပြောပြ၍ သိရသည်။