Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး ၊ ရွှေတောင်မြို့နယ်၌ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဦးစီးမှူးမှ ကွင်းဆင်းစစ်ဆေး

30 October 24

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄−၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းအုပ်စု၊ မင်းတဲကျွန်း ကျေးရွာတွင် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(Smart Village) ရန်ပုံငွေဖြင့် မင်းတဲကျွန်း IT Center တည်ဆောက်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ Foundation မြေတူး ခြင်းလုပ်ငန်းဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

အဆိုပါ မင်းတဲကျွန်းအုပ်စု၊ မင်းတဲကျွန်းကျေးရွာ တွင် ခေတ်မီစံပြကျေးရွာထူထောင်ခြင်း လုပ်ငန်းစီမံကိန်း(Smart Village)ရန်ပုံငွေဖြင့် မင်းတဲကျွန်း IT Center တည်ဆောက်ခြင်း လုပ်ငန်း နှင့်ပတ်သက်၍ Foundation မြေတူး ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင် နှင့် တာဝန်ရှိသူများက  အောက်တိုဘာလ (၈)ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

ရွှေတောင်မြို့နယ်မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ခေတ်မီစံပြကျေးရွာထူထောင် ခြင်း လုပ်ငန်းစီမံကိန်း(Smart Village)ရန်ပုံငွေဖြင့် မင်းတဲကျွန်း IT Center တည်ဆောက်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ကျေးလက်ဒေသတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ယခင်ကထက် လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးကောင်းမွန်လာပြီး လူနေမှုအဆင့်အတန်းများပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ရွှေတောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။