မအူပင် နိုဝင်ဘာလ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေကို (၁၄.၁၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီး နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ရွာသစ်စုကျေးရွာတွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။ အဆိုပါ ရွာသစ်စုကျေးရွာ ၊ ကျေးလက်ကုန်ထုတ်လမ်း (၁၁၀၀’× ၁၂’ × ၉’’) ဖြင့် မြေရောကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၄.၇)သန်းဖြင့် ဌာနမှအင်ဂျင်နီယာများစုဖွဲ့၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၊အဆိုပါလမ်းဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၃) ရှိ အိမ်ခြေ ၄၁၄ အိမ်၊လူဦးရေ ၁၅၃၆ ဦး၊ စိုက်ပျိုးမြေဧက ၅၈၀ ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်းသတင်းရရှိပါသည်။