Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ထန်းတပင်မြို့နယ်၊ကြို့ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်း

01 January 70

ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်တွင် အောက်တိုဘာ၁၇ရက်နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိခဲ့သည့် ရေဖြူကျေးရွာအုပ်စု၊ကြို့ကုန်းကျေးရွာရှိ  ကျေးရွာ နေပြည်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ထုတ်ချေး ပေးခြင်းကို အဆိုပါကျေးရွာတွင် တာဝန်ရှိသူများမှထုတ်ချေးပေးခဲ့ပါသည်။ ရှေးဦးစွာ မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်မှ အမှာစကားပြောကြား ခဲ့ပြီး မြို့နယ်ဦးစီးမှူးဦးထွန်းဦးကြည်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေများထုတ်ချေးပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ကြို့ကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၅ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁၄ဦးနှင့် အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၂၅ဦး၊ စုစုပေါင်း ၇၇ဦးတို့ကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေသိန်း၃၀၀ကို ထုတ်ချေးပေးခဲ့ပါသည်။