Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် သဖန်းချိုကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်း

01 January 70

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ‌ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် မြောက်ကုန်းကြီကျေးရွာအုပ်စု၊ သဖန်းချိုကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းအား ၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့ နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းရာတွင် နတ်တလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုး၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒေါ်သန္တာဦးရွှေနှင့် တာဝန်ရှိသူများက သဖန်းချိုကျေးရွာ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေးလုပ်ငန်းအား ကြည့်ရှု့ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။