Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်တန်းမြို့နယ် ကန်ပြောင်စံပြကျေးရွာ ကွင်းဆင်းစစ်ဆေး

01 January 70

          သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ကန်ပြောင်ကျေးရွာအုပ်စု၊
ကန်ပြောင်စံပြကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ
ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) နှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေး (Smart Village)
စီမံကိန်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းနှင့်ဝန်ထမ်းများ၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့်ဝန်ထမ်းများသည် နိုဝင်ဘာလ (၁)ရက်
နံနက်ပိုင်းတွင် (RBF) စီမံကိန်းဖြင့် CP အသားတိုးဝက်မွေးမြူခြင်း၊ အိမ်သွယ်ရေတိုင်ဆောင်ရွက်
ခြင်း၊ ရွက်သစ်နုဝေ Co.,Ltd မှ ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း (၃၀၀’ x ၁၂’ x ၈’’) နှင့်
အုတ်ရေမြောင်း (၁၈၇၀’ x ၁’ x ၂’’) ‌ဆောင်ရွက်နေသူများအား ကွင်းဆင်းစစ်ဆေးပြီး ကန်ပြောင်
ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ လုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြရန် မှာကြားသည်။