Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တိုက်ကြီးမြို့နယ်ကြိုက်မန်းထော်ကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

01 January 70

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကြိုက်မန်းထော်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သောကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇန်နဝါရီလ (၂၃)ရက်က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးကြသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒေါ်လဲ့လဲ့မွန်က ကြိုက်မန်းထော်ကျေးရွာ၌ လမ်းအရှည်‌ ၇၃၀ ပေ၊ လမ်းအကျယ် ၁၀ ပေနှင့် ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်ပံ့ပိုးငွေ ငွေကျပ်သိန်း(၁၅၀)၊ ပြည်သူ့ထည့်ဝင်ငွေ ငွေကျပ်သိန်း(၃၀)ဖြင့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ပထမပတ်မှစတင် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီအချိန်မီ ပြီးစီးရေးဆောင် ရွက်ရန်မှာကြားသည်။

          အဆိုပါလုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကြိုက်မန်းထော်ကျေးရွာရှိ အိမ်ခြေ (၇၈)၊ အိမ်ထောင်စု(၈၂)စု၊ လူဦးရေ (၃၁၁)ဦးကို ရာသီမရွေးအဆင်ပြေစွာသွားလာ နိုင်မည်ဖြစ်ပြီ လက်ရှိတွင်လုပ်ငန်းဆောင်ရွက်မှု (၉၅%)ခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။