Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

01 January 70

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် အောက်ဆိပ်ကျေးရွာ၊ ကညင်ကုန်းကျေးရွာတို့တွင် ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများနှင့် တောင်ကုန်းကျေးရွာတွင် မြေသားရေကန်အသစ်တူးဖော်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလ ( ၃၀)ရက်နေ့ကအဆို ပါကျေးရွာများ၌ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုတာဝန်ရှိသူများကကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးနေဝင်း၊ မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်  နှင့် တာဝန်ရှိသူများက အောက်ဆိပ်ကျေးရွာနှင့် ကညင်ကုန်းကျေးရွာ များတွင် ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများနှင့် တောင်ကုန်းကျေးရွာတွင် Silver Wall Co.Ltdမှ ဆောင်ရွက်သည့် မြေသားရေကန်အသစ် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာများရှိတာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံကာ မိမိတို့ကျေးရွာရှိ အကောင် အထည်ဖော်ဆောင်ရွက်ထားသည့် လုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်ရှင်းလင်းပြောကြားသည်။

အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့်  ကညင်ကုန်းကျေးရွာရှိ အိမ်ထောင်စု(၃၀၅)စု၊ လူဦးရေ(၁၄၀၉)ဦး၊ အောက်ဆိပ်ကျေးရွာရှိအိမ်ထောင်စု(၂၀၆၁)စု၊ လူဦးရေ(၉၆၇)ဦးနှင့် တောင်ကုန်းကျေးရွာရှိအိမ်ထောင်စု(၉၃၇)စု၊ လူဦးရေ(၃၁၂၅)ဦးတို့တို့အတွက် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်းလည်းသိရသည်။