Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သန်လျင်မြို့နယ် ငါးဗြေမကျေးရွာ၌ ရေသန့်စင်စနစ် တည်ဆောက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

04 August 20

သန်လျင်မြို့နယ် ငါးဗြေမကျေးရွာ၌ ရေသန့်စင်စနစ် တည်ဆောက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
 
သန်လျင် ဩဂုတ် ၂
 
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ငါးဗြေမကျေးရွာ၌ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး ရေသန့်စင်စနစ်တည်ဆောက်ပြီးစီးမှု
အခြေအနေများကို  ဩဂုတ်လ ၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းနှင့် ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူ များက ကျေးရွာ‌ရေပေးရေးကော်မတီဝင်များနှင့်အတူ ငါးဗြေမ ကျေးရွာ သန့်ရှင်းသောသောက်သုံးရေရှိရေး ရေသန့်စင်စနစ်တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေသန့်စင်စနစ် စဉ်ဆက်မပြတ်လည်ပတ်နိုင်စေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။
 
အဆိုပါ ငါးဗြေမကျေးရွာ သန့်ရှင်းသော သောက်သုံးရေရရှိရေး ရေသန့်စင်စနစ် အလျား ၁၀ အနံ ၁၃ ပေ နှစ်ထပ် Steel Structure တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၉ ဒသမ ၉၈၆ သန်းဖြင့် Hyper Myanmar Relief International ကုမ္ပဏီလီမိတက်မှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
 
အဆိုပါရေသန့်စင်စနစ် ဆောင်ရွက်နိုင်မှုကြောင့် ငါးဗြေမ ကျေးရွာရှိ အိမ်ခြေ(၅၆၈)၊ လူဦးရေ(၂၁၄၉)ဦးတို့အတွက် ရာသီးမရွေး သန့်ရှင်းသော သောက်သုံးရေများ ရရှိတော့မှာ ဖြစ်ကြောင်း သိရသည်။