Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နှင့်တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုးင်းအစည်းအဝေး Video Conferencing စနစ်ဖြင့် ကျင်းပ

05 August 20

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နှင့်တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုးင်းအစည်းအဝေး  Video Conferencing စနစ်ဖြင့် ကျင်းပ
 
 
နေပြည်တော် ဩဂုတ် ၅
 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Covid-19 Economic Relief Plan (CERP)အရ အကောင် အထည်ဖော် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်‌နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပထမ ဦးစားပေးအနေဖြင့် မိမိတို့ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိုးတွင်းကာလဖြစ်သည့်အတွက် အထူးဂရုစိုက်ဆောင်ရွက် ကြစေလိုကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ များအနေဖြင့် ဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ၏ ပြီးစီးမှု အခြေအနေများ၊ Covid-19 Economic Relief Plan (CERP)အရ အကောင် အထည်ဖော် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်‌နေမှု အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြား ပါသည်။
 
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ များဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ပြီးစီးမှု အခြေအနေနှင့် Covid-19 Economic Relief Plan (CERP)အရ အကောင် အထည်ဖော် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက် အားနည်းချက်များကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
 
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပြီး ညွှန်ကြား‌ရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
 
အဆိုပါ Video Conferencing စနစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(၁၇)ခုမှ ဦးစီးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။