Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမောင်ဝင်းဦးဆောင်သောအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် မိုင်းခတ်မြို့နယ်များရှိ VRFP စီမံကိန်းကျေးရွာနှင့် CfW စီမံကိန်းကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး

08 August 20

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမောင်ဝင်းဦးဆောင်သောအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် မိုင်းခတ်မြို့နယ်များရှိ VRFP စီမံကိန်းကျေးရွာနှင့် CfW စီမံကိန်းကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ ဩဂုတ်လ (၈) ရက်

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် Cash for Work-CfW စီမံချက်/ ကျေးရွာ မတည် ရန်ပုံငွေ စီမံချက် ( Village Revolving Fund Project-VRFP)များ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောအုပ်စု၊ ဟတ်ဟိုင်းVRFP စီမံကိန်းကျေးရွာ၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်အုပ်စု၊ ပင်းကွေ့(လားဟူ) VRFP စီမံကိန်းကျေးရွာနှင့် နောင်ဝိုင်(နောင်ဟွိုင်း) CfW စီမံကိန်းကျေးရွာများသို့
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမောင်ဝင်းဦးဆောင်သောအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများနှင့်တွေ့ဆုံအားပေးကာ စီမံကိန်းရည်မှန်းချက်များ သိရှိလိုက်နာဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

#ဟတ်ဟိုင်းVRFP စီမံကိန်းကျေးရွာသည် အိမ်ခြေ(၆၃)အိမ်၊ လူဦးရေ(၃၅၃)ဦးရှိပြီး ကျေးရွာ မတည်ရန်ပုံငွေ သန်း(၂၀)ရရှိထားရာ ချေးငွေအောင်မြင်သူ(၃၄)ဦးရှိပြီး အဆိုပြုလုပ်ငန်း(၃၄)ခု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

#ပင်းကွေ့(လားဟူ) VRFP စီမံကိန်းကျေးရွာသည် အိမ်ခြေ(၉၃)အိမ်၊ လူဦးရေ(၂၈၇)ဦးရှိပြီး ကျေးရွာ မတည်ရန်ပုံငွေ သန်း(၂၀)ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

#နောင်ဝိုင်(နောင်ဟွိုင်း)ကျေးရွာသည် CfW စီမံကိန်းအရ ကျေးရွာပိုင်ငါးမွေးမြူရေးကန်ပြုပြင်ခြင်းနှင့် တာပေါင်ကျောက်စီခြင်းလုပ်ငန်းကို ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်ကျေးရွာဖြစ်သည်။