Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၃၁၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

08 August 20

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၃၁၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ပွင့်ဖြူ သြဂုတ် ၈
 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ ၁၁ ရွာသို့ ရန်ပုံငွေကျပ် သိန်း ၃၁၀၀ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သြဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
 
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို က စီမံကိန်းနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်က ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​တင်ပြ ခဲ့သည်။
 
ထို့နောက် ယခုဘဏ္ဍာရေးနှစ်၌ ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် အိမ်ခြေ ၁၀၁ အိမ်အထက်ရှိ‌သောကျေးရွာ ကိုးရွာအား ‌ကျေးရွာတစ်ရွာလျှင်
ငွေကျပ်သိန်း (၃၀၀)စီ လည်းကောင်း၊အိမ်ခြေ ၅၁ အိမ်နှင့် ၁၀၀ ကြားရှိ ကျေးရွာနှစ်ရွာအား ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း (၂၀၀) စီလည်းကောင်း စုစုပေါင်းကျေးရွာ(၁၁)ရွာတို့အတွက် မတည်ရန်ပုံငွေကျပ်သိန်း ၃၁၀၀ ကို ကျေးရွာကော်မတီဝင်များထံ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့‌ကြောင်း သိရသည်။
 
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီမံကိန်းကျေးရွာများမှ ကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။