Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု့

08 August 20

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု့
▄▄▄▄▄▄
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဓနုဖြူ ဩဂုတ် ၈

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက်ခဲ့သည့် အလမျိုးကျေးရွာအုပ်စု၊ အလမျိုးကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်းသိသည်။

ထိုသို့ကွင်းဆင်းကြည့်ရှု့ရာ စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် ဧရာဝတီတိုင်းဒေသကြီး‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့နယ် အလမျိုးကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လမ်းရေရှည်တည်တံ့ ခိုင်မြဲအောင် လည်ပတ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပါသည်။ ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်ရင်းရင်းနီးနီးတွေ့ဆုံကာ လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများက ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေများနှင့် စပ်လျင်း၍ ရှင်းလင်းတင်ပြခဲ့ ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အရှည် (၁၁၆၅)ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၇ လက်မထု ခင်းခြင်းနှင့် Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၂၂၆ ဒသမ ၁၂၇၆၃ သိန်း၊ ကျေးရွာလူထုထည့်ဝင်ငွေ ၃ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။