Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်မဲမြို့နယ်နှင့် နောင်ချိုအတွင်း ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

16 August 20

ကျောက်မဲမြို့နယ်နှင့် နောင်ချိုအတွင်း ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ကျောက်မဲ ဩဂုတ် ၁၅
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောစီမံကိန်း လုပ်ငန်းကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းလင်းထွန်း နှင့်တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု၊ ကျောက်မဲကြီးကျေးရွာ၌ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာအဝင်လမ်း မျက်နှာပြင်ပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း အလျား ၆၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထုခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကိုဆွေးနွေးမှာကြားပါသည်။
 
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့်တာဝန်ရှိသူများသည် ကျောက်မဲခရိုင်နှင့် ကျောက်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကျောက်မဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာန ခရိုင်ဦးစီးမှူး ဦးစောမြင့်ထွန်းက ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
 
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ချိုမြို့နယ် ငုက္ခလေးကျေးရွာအုပ်စု၊ ဟော်ကုန်း ကျေးရွာတွင် Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာတွင်းလမ်း ဗြုန်းကျောက်ခင်းခြင်း အလျား ၁ မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၃ လက်မနှင့် ရေမြောင်းတူးဖော်ခြင်း၊ လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည် များကို ဆွေးနွေးမှာကြားပါသည်။
 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေပြည်သူများ မိသားစုဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းများနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများကို Cash for Work စီမံကိန်းဖြင် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။