Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင် သိန္နီမြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် Cash for Work စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

16 August 20

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင် သိန္နီမြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် Cash for Work စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
သိန္နီ ဩဂုတ် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာ များတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းနှင့် Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၄ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းလင်းထွန်းနှင့် တာဝန်ရှိသူ များသည် သိန္နီမြို့နယ် ခမ်းတိမ်းကျေးရွာအုပ်စု၊ ဆိုင်းခေါင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်ဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်လိုသူ အသင်းသား (၂၂)ဦးအား ကျေးရွာမတည်ရန်ပုံငွေကျပ်(၉၉)သိန်း ထုတ်ချေး ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကိုဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့်တာဝန်ရှိသူများသည် သီန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ဝန်ထမ်းများ၏ ပြောင်းရွှေ့မှုဝါဒများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စု၊ ပန်ဖိတ်ကျေးရွာတွင် Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာတွင်း မြေသားလမ်းပြုပြင်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်း၊ ရေပြွန်(၆)စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေပြည်သူများ မိသားစုဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချလိုသူများ၊ အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများကို ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့်လည်းကောင်း၊ ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းများနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများကို Cash for Work စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။