Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စိုက်ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် (၁၆.၈.၂၀၂၀)ရက်​နေ့တွင် တာဝန်ရှိသူများလိုက်ပါလျက် #CERP အစီအစဉ်အရ ရန်ကုန်တိုင်း​ဒေသကြီး၊​လှည်းကူးမြို့နယ်၊အုန္နဲကုန်း​ကျေးရွာ၊သနပ်ပြင်​ကျေးရွာနှင့်ပဲခူးတိုင်း​ဒေသကြီး၊ပဲခူးမြို့နယ်၊ဘုရားကြီးရပ်ကွက်(၂)တို့တွင်စိုက်ပျိုးရေးဦးစီးဌာနမှမျိုးစေ့ထုတ်စိုက်ခင်းနှင့်စံပြစိုက်ကွင်းလုပ်ငန်းများဆောင်ရွက်နေမှု၊စက်မှုလယ်ယာဦးစီးဌာနမှစပါးစိုက်​တောင်သူများအတွက်လယ်ယာသုံး​ကောက်စိုက်စက်ဖြင့်ဝန်​ဆောင်ပေး​နေမှုတို့ကိုကြည့်ရှု့စစ်​ဆေး

16 August 20

စိုက်ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် (၁၆.၈.၂၀၂၀)ရက်​နေ့တွင် တာဝန်ရှိသူများလိုက်ပါလျက် #CERP အစီအစဉ်အရ ရန်ကုန်တိုင်း​ဒေသကြီး၊​လှည်းကူးမြို့နယ်၊အုန္နဲကုန်း​ကျေးရွာ၊သနပ်ပြင်​ကျေးရွာနှင့်ပဲခူးတိုင်း​ဒေသကြီး၊ပဲခူးမြို့နယ်၊ဘုရားကြီးရပ်ကွက်(၂)တို့တွင်စိုက်ပျိုးရေးဦးစီးဌာနမှမျိုးစေ့ထုတ်စိုက်ခင်းနှင့်စံပြစိုက်ကွင်းလုပ်ငန်းများဆောင်ရွက်နေမှု၊စက်မှုလယ်ယာဦးစီးဌာနမှစပါးစိုက်​တောင်သူများအတွက်လယ်ယာသုံး​ကောက်စိုက်စက်ဖြင့်ဝန်​ဆောင်ပေး​နေမှုတို့ကိုကြည့်ရှု့စစ်​ဆေးပြီးမိုးစပါးမျိုးစေ့ထုတ်​တောင်သူသမဝါယမအသင်းသားများ၊မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှဖွင့်လှစ်သည့်ဝက်​မွေးမြူ​ရေးသင်တန်းသားများအား တွေ့ဆုံ၍ထောက်ပံ့​ငွေ​များပေးအပ်ခဲ့ပါသည်။ဆက်လက်ပြီးကျေးလက်ဒေသ​နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​သွားလာမှုလွယ်ကူအဆင်​ပြေစေရန်ကျေးရွာတွင်းလမ်းများအ​ကောင်အထည်​ဖော်​ဆောင်ရွက်​ပေးလျက်ရှိရာ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ​ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်း(VDP)ဖြင့်နိုင်ံ​တော်မှ​ထောက်ပံ့ငွေနှင့်​ ဒေသခံပြည်သူထည့်ဝင်​ငွေတို့ဖြင့်အကောင်အထည်ဖော်​ဆောင်ရွက်လျက်ရှိသည့်​ လှည်းကူးမြို့နယ်၊ကံကြီးစု​ကျေးရွာဂဝံလမ်းနှင့်သနပ်ပြင်ကျေးရွာတွင်​ကွန်ကရစ်လမ်းလုပ်ငန်း​ဆောင်ရွက်​ပြီးစီးမှုများကိုအား​ပေးကြည့်ရှု့စစ်​ဆေးပြီး ကျေးရွာကော်မတီများ၊ကျေးရွာသူ/သားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။