Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိုလာအသေးစားဓါတ်အားပေးစနစ်လုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းသဘောတူစာချုပ်ချူပ်ဆိုပွဲကျင်းပ

01 September 20

ဆိုလာအသေးစားဓါတ်အားပေးစနစ်လုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းသဘောတူစာချုပ်ချူပ်ဆိုပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် CFP-3 Batch(2) ဆိုလာအသေးစားဓာတ်အားပေးစနစ်များတည်ဆောက်ရန် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ၊ ဆောင်ရွက်မည့် ကျေးရွာ မီးလင်းရေးကော်မတီဝင်များ လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနား ယနေ့ နေ့လည် ၂ နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက အဖွင့်အမှာစကားပြောကြား ပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်စိုးစိုးအုန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များက အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် CFP-3 batch(2) ဆိုလာအသေးစားဓာတ်အားပေးစနစ် လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသဘောတူစာချုပ်တွင် လက်မှတ်များ အပြန်အလှန် ရေးထိုးကြပါသည်။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာများမှာ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အနောက်သာရပုံကျေးရွာ ဆိုလာ အသေးစားဓာတ်အားပေးစနစ်  ၁၆၀ ကီလိုဝပ်နှင့် ချောင်းလမုကျေးရွာ ဆိုလာ အသေးစားဓာတ်အားပေးစနစ် ၁၈၀ ကီလိုဝပ် တည်ဆောက်ခြင်းလုပ်ငန်းကို  မန္တလေးရိုးမကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ အသေးစားဓါတ်အားပေးစနစ်များမှ အိမ်ခြေပေါင်း ၆၀၀ ခန့် လျှပ်စစ်ဓာတ်အား ၂၄ နာရီ သုံးစွဲနိုင်မှာဖြစ်ကြောင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများပါ တစ်ပါတည်း ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆိုလာအသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၆၀ရာခိုင်နှုန်း၊ ကျေးလက်နေ ပြည်သူများမှ ၂၀ ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။