Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ညောင်တုန်းမြို့နယ်အတွင်းရှိ CASH FOR WORK စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

04 September 20

ညောင်တုန်းမြို့နယ်အတွင်းရှိ CASH FOR WORK စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး
 
ညောင်တုန်း စက်တင်ဘာ ၃
 
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ (Cash For Work) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်နှင့် တာဝန်ရှိသူများမှ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
 
ထိုသိုကွင်းဆင်း စစ်ဆေးရာတွင် မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ ညောင်တုန်းမြို့နယ် ကျေး/လက် ဦးစီးမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက (Cash For Work) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော စွန်တနီးကျေးရွာအုပ်စု၊ မနီကုန်းကျေး ရွာလမ်းအရှည် ၃၀၀၀ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၈ လက်မထု မြေသားလမ်း ဘောင်ခတ်ခြင်း၊ သဲခင်းခြင်း လုပ်ငန်းနှင့် ကျေးရွာအတွင်း လမ်းအရှည် ၄၈၀ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများအား အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
 
ဝဠာနိုင် (ညောင်တုန်း)