Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Cash for Work စီမံကိန်း အပတ်စဉ်ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာ

07 September 20

 နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash_for_Work    စီမံချက်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ Cash for Work  စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပါသည်။
      Cash for Work စီမံကိန်း ၏ အပတ်စဉ်တိုးတက်မှုအခြေအနေအား အများပြည်သူ သိရှိနိုင်စေရန် ကျေးလက်ဦးစီး၏ တရားဝင် website  www.drd.gov.mm ( or )www.drdmyanmar.org တွင် ဝင်ရောက်ဖတ်ရူ့လေ့လာနိုင်ပါသည်။

download links:http://www.drd.gov.mm/item_photo/1599472420_CFW Friday Report (4.9.2020).pdf