Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်း​ဒေသကြီး/ပြည်နယ်ဦးစီးမှူးများ Video Conference စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

14 September 20

​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်း​ဒေသကြီး/ပြည်နယ်ဦးစီးမှူးများ Video Conference စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ
 
           စိုက်ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်း​ဒေသကြီး/ပြည်နယ်ဦးစီးမှူးများ Video Conference စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို (၁၄.၉.၂၀၂၀)ရက်​နေ့၊မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ဦးခန့်​​ဇော်က အဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်။ဆက်လက်၍ တက်​ရောက်လာကြ​သော တိုင်း​ဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ CFW နှင့် VRFP စီမံကိန်းလုပ်ငန်းများ ​ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေများ၊ဘတ်ဂျက်လုပ်ငန်းများ ​ဆောင်ရွက်ထားရှိမှုများနှင့် တင်ဒါကိစ္စရပ်များအား တင်ပြကြရာ ညွှန်ကြား​ရေးမှူးချုပ် ဦးခန့်ဇော်မှ လိုအပ်သည်များဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ပြီး၊ဒုတိယညွှန်ကြား​ရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဏအလိုက် ဖြည့်စွက်​ဆွေး​နွေးခဲ့ကြပါသည်။အစည်းအ​ဝေးကို ညွှန်ကြား​ရေးမှူးချုပ်၊ဒုတိယညွှန်ကြား​ရေးမှူးချုပ်များ၊ညွှန်ကြား​ရေးမှူးများ(ရုံးချုပ်)၊တိုင်း​ဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊တိုင်း​ဒေကြီး/ပြည်နယ်များမှ ဘဏ္ဏာ​ရေးအဖွဲ့များနှင့် M&E အဖွဲ့များ၊ စုစု​ပေါင်း(၁၈၀၀)ခန့် တက်​ရောက်​ဆွေး​နွေးခဲ့ကြ​ကြောင်း သတင်းရရှိပါသည်။
            စိုက်ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဒုတိယညွှန်ကြား​ရေးမှူးချုပ် ​ဒေါ်ညိုညိုဝင်းသည် (၁၄.၉.၂၀၂၀)ရက်​နေ့၊​နေ့လယ်ပိုင်းတွင် တိုင်း​ဒေသကြီး/ပြည်နယ် ​ကျေးလက်ဦးစီးဌာနမှ ဒုတိယညွှန်ကြား​ရေးမှူးများနှင့် မြို့နယ်ဦးစီးမှူးများအား CFW နှင့် VRFP စီမံကိန်းများအတွက် ဌာနတွင်းစာရင်းစစ်​ဆေးရာတွင် လိုက်နာ​ဆောင်ရွက်ရမည့် ​ငွေစာရင်းပိုင်းဆိုင်ရာ ​ဆွေး​နွေးချက်အကျဥ်းချုပ်အား ရှင်းလင်း​ဆွေး​နွေး​ပြောကြားခဲ့​ကြောင်း သတင်းရရှိပါသည်။