Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအား ကျးရွာမတည်ရန်ပုံငွေစီမံကိန်း သင်တန်းပို့ချ

02 July 20

ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအား ကျးရွာမတည်ရန်ပုံငွေစီမံကိန်း သင်တန်းပို့ချ
Covid – 19 ကူးစက်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများအား ကူညီ ပေးနိုင်ရန်နှင့် လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများမှ လိုအပ်နေသည့် သွင်းအားစု နှင့်အရင်းအနှီးများအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန အနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာပေါင်း (၁၇၀၀) မှာ အကောင်အထည်ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။
စီမံကိန်းလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက်၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ကျေးလက်ဦးစီး (ရုံးချုပ်)၊ စီမံကိန်းရုံးအဖွဲ့မှ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအား Video Conference ဖြင့် သင်တန်း ပို့ချပေးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စီမံကိန်းဆောင်ရွက်ရသည့် အကြောင်းရင်း ရည်ရွယ်ချက်၊ ဆောင်ရွက် ရမည့် နည်းလမ်း၊ ချေးငွေ အတိုးနှုန်းသတ်မှတ်ခြင်း၊ ကော်မတီဖွဲ့စည်းပုံများ၊ စီမံကိန်းမြို့နယ်၊ ကျေးရွာရွေးချယ်ရေးစံနှုန်းများ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်မှု အစီအစဉ်၊ စီမံကိန်းအား စောင့်ကြပ် စစ်ဆေး အကဲဖြတ်ခြင်းနှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပို့ချပေးခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်း (၁၀၀) ကျော်မှ VRFP စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည် များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။