Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊မြို့နယ်ဦးစီးမှူးများမှ Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

02 July 20

 ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊မြို့နယ်ဦးစီးမှူးများမှ  Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများနှင့် Cash for Work (CFW)စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံ‌ငွေ စီမံကိန်း (VRFP) စတင်နိုင်ရန် Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂-၇-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်/တိုင်း ၁၇ ရုံးမှ ၃၅၄ ဦး၊ခရိုင်ကျေးလက်ဦးစီးဌာန ၄၂ ရုံးမှ ၅၀၉ဦး၊မြို့နယ် ၂၀၆ ရုံးမှ ၁၉၇၆‌ဦး စုစုပေါင်း ၃၄၄၇ဦးတက်ရောက်ကြောင်း သိရသည်။