Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

03 July 20

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို (၃-၇-၂၀၂၀)ရက်နေ့၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် Video Conferencingဖြင့် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးလှကျော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ စီမံကိန်းဦးဌာန၊ စိုက်ပျိုးရေးဦးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးဌာန၊ လယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးသုတေနဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်ချက်များတင်ပြကြသည်။ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များမှလည်း ရှေ့ဆက်ဆောင်ရွက်မည်အစီအစဉ်များတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။