Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အရည်အချင်းစစ်ရေးဖြေအောင်မြင်သူများစာရင်းထုတ်ပြန်ခြင်း

07 July 20

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများစာရင်းထုတ်ပြန်ခြင်
 
၁။ (၁၉-၆-၂၀၂၀)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ)၊ အငယ်တန်းစာရေးနှင့် စာရင်းကိုင်-၄ရာထူးနေရာများအတွက် အရည်အချင်းစစ်  ရေးဖြေ စာမေးပွဲအောင်မြင်သူများစာရင်းအား ရေးဖြေဖြေဆိုခဲ့ကြသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများ၏ ကြော်ငြာသင်ပုန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ websiteဖြစ်သော www.drdmyanmar.org တွင်(၇-၇-၂၀၂၀)ရက်နေ့မှစ၍ ထုတ်ပြန် ကြော်ငြာထားပါသည်။
၂။ အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ)၊ အငယ်တန်းစာရေးနှင့် စာရင်းကိုင်-၄ရာထူးနေရာများ အတွက် လူတွေ့စစ်ဆေးခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်၍ ရေးဖြေစာမေးပွဲအောင်မြင်သူ များသည် စာမေးပွဲဖြေဆိုခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ ဆက်သွယ်သတင်းပို့ ဆောင်ရွက်ကြရန် အသိပေးအပ်ပါသည်။
 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန