Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ ကွင်းဆက်စီမံကိန်းကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနား

15 July 20

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန "ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ ကွင်းဆက်စီမံကိန်း"မှ ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို (၁၅-၇-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြာသည်။ ဆက်လက်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများဖြစ်သော ရဲမာန် ကုမ္ပဏီနှင့် မုဒုံမောင်မောင်ကုမ္ပဏီတို့နှင့် လက်မှတ်ရေးထိုးကြပြီး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဝင်းက စာချုပ်ဆိုင်ရာ အရေးကြီးအချက်အလက်များအားရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။