Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)အရ ရလဒ်အခြေပြုဘဏ္ဍာငွေထောက်ပံ့ပေးရေးစီမံကိန်း (Result Based financing Program -RBF) ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကုမ္ပဏီ (၆) ခုနှင့် အကြိုစာချုပ်ညှိနှိုင်းဆွေးနွေးခြင်း

16 July 20

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)အရ ရလဒ်အခြေပြုဘဏ္ဍာငွေထောက်ပံ့ပေးရေးစီမံကိန်း (Result Based financing Program -RBF) ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကုမ္ပဏီ (၆) ခုနှင့် အကြိုစာချုပ်ညှိနှိုင်းဆွေးနွေးခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)အရ ရလဒ်အခြေပြုဘဏ္ဍာငွေထောက်ပံ့ပေးရေးစီမံကိန်း (Result Based financing Program -RBF) ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကုမ္ပဏီ (၆) ခုနှင့် အကြိုစာချုပ်ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ ဇွန်လ၁၅ ရက်နေ့နေ့လည်(၁)နာရီတွင် ရုံးအမှတ် (၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၌ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း နှင့် တာဝန်ရှိသူများ ၊ World Bank နှင့် IFC team မှ တာဝန်ရှိသူများ (Via video conferencing) ၊ RBF program ဖြင့်မီးလင်းရေးဆောင်ရွက်မည့် ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကျေးလက်မီးလင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်စိုးစိုးအုန်း မှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ မရှင်းလင်းသည်များ မေးမြန်းလာမှုအပေါ် World bank, IFC team မှတာဝန်ရှိသူများ နှင့် ကျေးလက်မီးလင်းရေးဌာနမှတာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
Result Based Financing Program ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Lighting Global မှသတ်မှတ်ထားသည့် အရည်အသွေးရှိသောပစ္စည်းများဖြင့် မဟာဓာတ်အားပြင်ပကျေးရွာများတွင်ဆောင်ရွက်မည်ဖြစ်ပြီး ပစ္စည်းများအတွက် အာမခံကာလ နှစ်နှစ်အပြည့်အဝရရှိမည်ဖြစ်ပါသည်။ အာမခံကာလအတွင်း ချို့ယွင်းပျက်စီးမှုများဖြစ်ပေါ်ပါက တပ်ဆင်ပေးသည့်ကုမ္ပဏီမှ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးရမည့် Door to Door Services ပါဝင်မည်ဖြစ်ပါသည်။
အဆိုပါစီမံကိန်းအတွက် World Bank ကွပ်ကဲမှုအောက်ရှိ GPOBAနှင့် ESMAP အဖွဲ့တို့၏ ထောက်ပံ့ငွေ (Grant) အမေရိကန်ဒေါ်လာ ( ၃.၄၅) သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ (၁) နှစ်ဖြစ်သည်။
ပစ္စည်းအ​​ရေအတွက် (၉၅၀၀၀)ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဦးရေ ၄.၅သိန်းခန့် အကျိုး ခံစားခွင့်ရရှိမည်ဖြစ်သည်။