Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် CFP-3 batch(2) အသေးစားဓာတ်အားပေးစနစ်များတည်ဆောက်ခြင်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့်လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ လုပ်ငန်းသဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပြ

16 July 20

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် CFP-3 batch(2) အသေးစားဓာတ်အားပေးစနစ်များတည်ဆောက်ခြင်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများ နှင့်လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ လုပ်ငန်းသဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမောင်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်စိုးစိုးအုန်း နှင့်သက်ဆိုင်ရာတာဝန်ရှိသူများ ၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ဆောင်ရွက်မည့်လုပ်ငန်းများအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဟိုတိန်း ကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ် 64.8kW ကို Avanti ကုမ္ပဏီမှလည်းကောင်း ၊ တနင်္သါရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ချပုံးကျေးရွာတွင် 86.4kW ကို Mandalay Yoma Energy ကုမ္ပဏီမှလည်းကောင်း အသီးသီးတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ခြေပေါင်း ၂၇၀ကျော် လျှပ်စစ်ဓာတ်အား ၂၄နာရီသုံးစွဲနိုင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများပါဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။
အသေးစားလျှပ်စစ်ဓာတ်အားပေးစနစ်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၆၀)ရာခိုင်နှုန်း၊ ကျေးလက်နေပြည်သူတို့မှ (၂၀) ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီမှ (၂၀) ရာခိုင်နှုန်းဖြင့်အသီးသီးထည့်ဝင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။