Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)အရ ရလဒ်အခြေပြုဘဏ္ဍာငွေထောက်ပံ့ပေးရေးစီမံကိန်း (Result Based financing Program -RBF) ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကုမ္ပဏီ (၆) ခုနှင့် လုပ်ငန်းသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ

16 July 20

 အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)အရ ရလဒ်အခြေပြုဘဏ္ဍာငွေထောက်ပံ့ပေးရေးစီမံကိန်း (Result Based financing Program -RBF) ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကုမ္ပဏီ (၆) ခုနှင့် လုပ်ငန်းသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)အရ ရလဒ်အခြေပြုဘဏ္ဍာငွေထောက်ပံ့ပေးရေးစီမံကိန်း (Result Based financing Program -RBF) ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကုမ္ပဏီ (၆) ခုနှင့် လုပ်ငန်းသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးခြင်းကို ယနေ့ ဇွန်လ၁၆ ရက်နေ့ ရုံးအမှတ် (၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ ၊ World Bank နှင့် IFC team မှ တာဝန်ရှိသူများ (Via video conferencing) ၊ RBF program ဖြင့်မီးလင်းရေးဆောင်ရွက်မည့် ကုမ္ပဏီများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး RBF program ဖြင့်ဆောင်ရွက်မည့် Solar Home ၊ Solignite Myanmar ၊ OV Solar Myanmar ၊ Greenlight Planet Myanmar ၊ Mandalay Yoma Energy နှင့် Earth Renewable Energy ကုမ္ပဏီများနှင့်လုပ်ငန်းသလဘာတူညီမှုစာချုပ်လက်မှတ်ရေးထိုးခဲ့ပါသည်။
Result Based Financing Program ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Lighting Global မှသတ်မှတ်ထားသည့် အရည်အသွေးရှိသောပစ္စည်းများဖြင့် မဟာဓာတ်အားပြင်ပကျေးရွာများတွင်ဆောင်ရွက်မည်ဖြစ်ပြီး ပစ္စည်းများအတွက် အာမခံကာလ နှစ်နှစ်အပြည့်အဝရရှိမည်ဖြစ်ပါသည်။ အာမခံကာလအတွင်း ချို့ယွင်းပျက်စီးမှုများဖြစ်ပေါ်ပါက တပ်ဆင်ပေးသည့်ကုမ္ပဏီမှ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးရမည့် Door to Door Services ပါဝင်မည်ဖြစ်ပါသည်။
အဆိုပါစီမံကိန်းအတွက် World Bank ကွပ်ကဲမှုအောက်ရှိ GPOBAနှင့် ESMAP အဖွဲ့တို့၏ ထောက်ပံ့ငွေ (Grant) အမေရိကန်ဒေါ်လာ ( ၃.၄၅) သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ (၁) နှစ်ဖြစ်သည်။ပစ္စည်းအ​​ရေအတွက် (၉၅၀၀၀)ဆောင်ရွက်သွားမည်ဖြစ်ပြီး လူဦးရေ ၄.၅သိန်းခန့် အကျိုး ခံစားခွင့်ရရှိမည်ဖြစ်သည်။